The first foreign-owned BPO company in Myanmar

Masterpiece Group

Myanmar

AI Annotation

Our experienced operators can process high-quality and high-quality teacher data for AI engine development.

Research/Market Survey

Various types of market research and promotions in accordance to your objectives.

ဝန်ဆောင်မှုများ

ကုမ္ပဏီ၏လုပ်ဆောင်ချက်များ

ကုမ္ပဏီမိတ်ဆက်

Masterpiece Group (Myanmar)
Masterpiece Group (Myanmar) သည် ၂၀၁၇ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင်ပထမဦးဆုံး BPO လုပ်ငန်း ကိုလုပ်ကိုင်သောနိုင်ငံခြားရင်းနှီးမြှပ်နှံမှုကုမ္ပဏီဖြစ်ပါသည်။ ပင်မကုမ္ပဏီဖြစ်သော Masterpiece Group, Inc. သည် ဂျပန်နိုင်ငံ၏စနစ်ကျပြီး ယုံကြည်စိတ်ချရသောဝန်ဆောင်မှုကိုလက်ကိုင်ထားပြီး BPO လုပ်ငန်းကို တရုတ်နိုင်ငံနှင့် ဟောင်ကောင်၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ အစရှိသည့်အာရှနိုင်ငံများတွင်လုပ်ငန်းကိုတိုးချဲ့ လုပ်ကိုင်လျှက်ရှိပါသည်။ ယခုလက်ရှိအချိန်ထိ ၁၅ နှစ်ကြာလုပ်ကိုင်လျှက်ရှိပြီးရရှိလာသည့်လုပ်ငန်းအတွေ့ အကြုံနှင့်အသိပညာများကိုအခြေခံ၍ မြန်မာနိုင်ငံရှိကုမ္ပဏီများကို Contact Center (Call Center) နှင့် BPO ဝန်ဆောင်မှုများပေးရန်ရည်ရွယ်၍တည်ထောင်ခဲ့ပါသည်။
Greeting from CEO
မင်္ဂလာပါ
Masterpiece Group (Myanmar) ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာဘာသာစကားကိုအဓိကထားပြီး ဝန်ဆောင်မှုပေးတဲ့ရုံးခွဲအဖြစ်တည်ထောင်ခဲ့ပါတယ်။ ကျွန်မကဂျပန်နိုင်ငံတွင် Call Center ၏စီမံခန့်ခွဲမှုအပိုင်း ကို ၁၀ နှစ်ကျော်တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ရုံးခွဲတာဝန်ခံအဖြစ် လုပ်ဆောင်လျှက်ရှိပါတယ်။
ကျွန်မ၏အတွေ့အကြုံအရမြန်မာပြည်မှာ “Outsourcing”, “Call Center” ဆိုတဲ့ ဝေါဟာရနဲ့သိပ်ပြီးမရင်းနှီး သေးတဲ့သူများစွာရှိနေသေးတာကိုတွေ့ရပါတယ်။ ကျွန်မအနေနဲ့ “Outsourcing” လုပ်တာဟာ စိုးရိမ်စရာမဟုတ် ဘူး၊ သေသေချာချာ Outsource လုပ်တဲ့ကုမ္ပဏီကိုရွေးချယ်ခြင်းအားဖြင့်အကျိုးကျေးဇူးများစွာရှိ တယ်ဆိုတဲ့ အကြောင်းကိုလူများများသိအောင်ဝေမျှပေးချင်ပါတယ်။ ကျွန်မတို့ Masterpiece Group ၏ ၁၅ နှစ်ကျော်ကြာ ရရှိခဲ့တဲ့လုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်းစီမံခန့်ခွဲမှုနည်းပညာနှင့် အရည်အသွေးမြင့်မားတဲ့ဝန် ဆောင်မှုက လူကြီးမင်း၏လုပ်ငန်းအတွက် အမှန်တကယ်အကျိုးကျေးဇူးရရှိမယ်လို့ယုံကြည်ပါတယ်။ နေ့စဉ်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်လာတဲ့ မြန်မာနိုင်ငံမှာ Call Center ရဲ့လိုအပ်ချက်က မြင့်မားလာတယ်လို့ခံစားရပြီး အတူတကွ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့ကုမ္ပဏီများစွာရှိလာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့၏ဝန်ဆောင်မှုက “Outsourcing” ဝန်ဆောင်မှုတစ်ခုအနေနဲ့မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်အတွက်အကျိုးအမြတ်ရှိပြီး ရေရှည်လက်တွဲ လုပ်နိုင်တဲ့ကုမ္ပဏီတစ်ခုအဖြစ်ရပ်တည်နိုင်အောင်ကြိုးစားနေပါတယ်။
ကုမ္ပဏီ၏ဆောင်ပုဒ်မှာ “အဆင့်မြင့်နည်းပညာကိုအသုံးပြု၍ အရည်အသွေးမြင့်မားသောဝန်ဆောင် မှုကို လွယ်ကူမှန်ကန်စွာနှင့် တွင်ကျယ်စွာလုပ်ဆောင်နိုင်ရမည်” ။
ကျွန်မတို့လက်ခံထားတဲ့ဆောင်ပုဒ်အတိုင်းလုပ်ဆောင်နိုင်ရန်ကျွန်မတို့၏ “ဝန်ထမ်း” များကအဓိကအကျဆုံး ဖြစ်ပါတယ်။ ထို့အတွက်ဝန်ထမ်းတစ်ဦးချင်းစီကကုမ္ပဏီအတွက် အရေးပါသောသူများဖြစ်ပြီးတစ်ဦးချင်းစီ၏ အရည်းအချင်းများပိုမိုတိုးတက်ကောင်းမွန်လာစေရန် ပြုစုပျိုးထောင်မှုများကိုအားစိုက်လုပ်ကိုင်နေပါတယ်။ မြန်မာလူငယ်များအလုပ်ကိုတန်ဖိုးထားပြီး မိမိ၏ဘဝရည်မှန်းချက်ကိုဖော်ဆောင်မြှင့်တင်နိုင်သော၊ လူမှုပတ်ဝန်းကျင်ကိုအကျိုးပြုသောသူများဖြစ်လာစေရန်ကြိုးပမ်းလျက်ရှိပါသည်။
ဖော်ဂျဲကိုင်ခေါင်

(ဒီဇင်ဘာလ၊ ၂၀၂၀ခုနှစ်)

Introduction Cases

ကုမ္ပဏီ၏လုပ်ဖော်ကိုင်ဖက်နှင့်အကြံပေး

Our Global Network

လူကြီးမင်း၏လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ကျွန်ုပ်တို့ဘက်မှနိုင်ငံ၊ဘာသာစကားနှင့်ဝန်ဆောင်မှုများကိုအသင့်တော်ဆုံးဖြစ်အောင်ကူညီဆောင်ရွက်ပေးနိုင်ပါသည်။အရည်အသွေးမြှင့်ဝန်ဆောင်မှုများကိုအောက်ပါနိုင်ငံများတွင်ကုန်ကျစရိတ်သက်သာစွာဖြင့်ဝန်ဆောင်မှုရယူနိုင်ပါသည်။

Our Group Companies