ဝန်ဆောင်မှုများ

ဖုန်းဝန်ဆောင်မှုနှင့် နည်းပညာ

ဖုန်းဝန်ဆောင်မှုပေးရာတွင်အဓိကလိုအပ်သော (PBX, CTI စနစ်)၊ ကာစတန်မာ၏သတင်းအချက်အလက် များနှင့်ဖုန်းဖြေဆိုရာတွင်လွယ်ကူမြန်ဆန်စွာနှင့်မှန်ကန်စွာဖြေဆိုပေးနိုင်ရန်မေးခွန်းနှင့်အဖြေများ၊ လုပ်ငန်း နှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များကိုသိမ်းဆည်းနိုင်သည့် CRM စနစ်ကိုအသုံးပြုထားပါသည်။ ထို့အတွက်ကာစတန်မာမှသိရှိလိုသည့်အချက်များကိုတိကျမှန်ကန်စွာဝန်ဆောင်မှုပေးနိုင်ပါသည်။

Customer Support

Customer Support တွင်ထုတ်ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုများနှင့်ပတ်သက်၍သိရှိလိုသည့်အချက်များ၊ ဝယ်ယူပြီးနောက်ပိုင်းအသုံးပြုပုံနှင့်လဲလှယ်ပြင်ဆင်ခြင်းများအစရှိသည့်အချက်များကိုသေချာနားလည် တတ်ကျွမ်းသောအော်ပရေတာမှတာဝန်ယူပြောကြားနိုင်ရန်စီစဉ်ဆောင်ရွက်ထားသည်။ ထို့အပြင် ကာစတန်မာ၏သိရှိလိုသည့်အချက်များ၊ အဆင်မပြေမှုများကိုအမြန်ဆုံးနှင့်အဆင်ပြေဆုံးဖြစ်ရန် အဓိကထားဆောင်ရွက်ပေးလျှက်ရှိသည်။

အော်ဒါလက်ခံခြင်းဝန်ဆောင်မှု

TV Shopping, Online Shopping (EC) နှင့် Food Delivery အစရှိသည့်လုပ်ငန်းများ၏ Order လက်ခံခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့်အဆင်မပြေမှုများကိုလက်ခံပြောကြားခြင်းအစရှိသည်တို့ကိုလုပ်ဆောင်ပေးပါသည်။ အော်ဒါလက်ခံခြင်းအပြင်အော်ဒါအချက်အလက်များကိုအစီအစဉ်တကျ စာရင်းပြုစုပြီးပို့ဆောင်ရေးကုမ္ပဏီ နှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ စီစဉ်ညွှန်ကြားခြင်းများကိုလည်းလုပ်ဆောင်ပေးပါသည်။

ချေးငွေကောက်ခံခြင်းနှင့် အချက်အလက်များစစ်ဆေးခြင်းဝန်ဆောင်မှု

အသေးစားချေးငွေ (သို့) အရစ်ကျချေးငွေယူထားသူထံသို့ ဖုန်းဖြင့်ငွေပေးချေရမည့်ရက်ကိုကြိုတင် အကြောင်းကြားခြင်း၊ ငွေပေးချေမှုအခြေအနေနှင့်လျှောက်ထားသူ၏အချက်အလက်များကိုစစ်ဆေးခြင်း စသည့်ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးလျှက်ရှိပါသည်။

ဆိုရှယ်မီဒီယာ ဝန်ဆောင်မှု

ကုမ္ပဏီ Facebook ၏ Comments များနှင့် Messenger (Chat Box) များကိုမြန်ဆန်စွာပြန်လည်ဖြေဆို ပေးခြင်း၊ Report လုပ်ခြင်းများကိုဆောင်ရွက်ပေးပါသည်။ ကုမ္ပဏီကိုထိခိုက်နစ်နာစေသောအရေးအသားများ ရှိပါကသက်ဆိုင်ရာဌာနသို့အကြောင်းကြားခြင်း၊ ဖျက်ခြင်းများကိုဆောင်ရွက်ပေးလျှက်ရှိ သည်။

AI နည်းပညာဝန်ဆောင်မှု

ကွန်ပျူတာကို AI လေ့ကျင့်သင်ကြားရာတွင်လိုအပ်သောအချက်အလက်များကို AI Learning Software ကိုအသုံးပြု၍လုပ်ဆောင်ပေးသည်။ ဓာတ်ပုံ (သို့) ဗီဒီယိုများကိုအသုံးပြု၍ကွန်ပျူတာကိုမှတ်သားစေချင်သည့် အချက်အလက်များကိုရွေးချယ်ပြီးဒေတာသွင်းခြင်းများကိုဆောင်ရွက်ပေးပါသည်။ သေချာလေ့ကျင့်သင်ကြား ပေးထားသောအော်ပရေတာမှဝန်ဆောင်မှုပေးပါသဖြင့်အချိန်တိုအတွင်းဒေတာများစွာကိုလုပ်ဆောင်နိုင်ပါသည်။

ဈေးကွက်စစ်တမ်းနှင့် ပရိုမိုးရှင်းဝန်ဆောင်မှု

လူကြီးမင်း၏လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ဖုန်း၊ မေးလ်နှင့် SNS (CB, Vibers) များနှင့်ဈေးကွက်စစ် တမ်းကောက်ခြင်း၊ ပရိုမိုးရှင်းဝန်ဆောင်မှုပေးခြင်းများကိုဆောင်ရွက်ပေးလျှက်ရှိပါသည်။

Telesales

ထုတ်ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုများကိုဖုန်းဖြင့်ဆက်သွယ်ရောင်းချပေးခြင်း၊ အပွိုင့်မန့်များယူပေးခြင်းများ ကိုလုပ်ဆောင်လျှက်ရှိသည်။ Talesales လုပ်ခြင်းအားဖြင့်အချိန်တိုအတွင်းကာစတန်မာများစွာနှင့်ထိတွေ့ ဆက်သွယ်နိုင်ပါသည်။

SMS ပရိုမိုးရှင်း

လူကြီးမင်း၏ကာစတန်မာများထံသို့ပရိုမိုးရှင်း SMS ကိုတပြိုင်နက်ထဲပေးပို့နိုင်ပါသည်။ SMS နှင့်တွဲဖက်၍ ဖုန်း (သို့) အခြားနည်းလမ်းကိုအသုံးပြု၍ဆက်သွယ်မေးမြန်းခြင်းအားဖြင့်သိသာထင်ရှားသောအကျိုးသက်ရောက်မှု ကိုရရှိစေပါသည်။

ဈေးကွက်စစ်တမ်းကောက်ခံခြင်း

လူကြီးမင်း၏လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍လက်ရှိသုံးစွဲသူများ၏ကုန်ပစ္စည်းသုံးစွဲမှုအပေါ်စိတ်ကျေနပ်မှု စစ်တမ်းများ၊ ကုန်ပစ္စည်းသစ်နှင့်ပတ်သက်သောဈေးကွက်စစ်တမ်းများကိုဖုန်းဖြင့်သော်၎င်း၊ လူကြီးမင်း၏ ကိုယ်စားကျွန်ုပ်တို့ကုမ္ပဏီမှလူကိုယ်တိုင်စစ်တမ်းကောက်ခြင်းများကိုမြန်မာနိုင်ငံဒေသအနှံဆောင်ရွက်ပေးလျှက် ရှိပါသည်။