ဝန်ဆောင်မှုများ
ကုမ္ပဏီ၏လုပ်ဆောင်ချက်များ

အရည်အသွေးမြင့်မားသောဝန်ဆောင်မှုနှင့် လုံခြုံ စိတ်ချရသောသတင်းအချက်အလက်ထိန်းချုပ်မှု
ဂျပန်နိုင်ငံတွင် BPO စီမံခန့်ခွဲမှုအတွေ့အကြုံ ၁၀ နှစ်ကြာရှိသည့်မန်နေဂျာမှ လုပ်ငန်းခွင်တွင်ဝန်ထမ်းများအ ဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ရန်၊ မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသော ဝန်ထမ်းများအလွယ်တကူအလုပ် ပြောင်းခြင်း၊ ထွက်ခြင်းများကို ထိန်းချုပ်နိုင်ရန်နှင့် အရည်အသွေးမြှင့်မားသော ဝန်ဆောင်မှုကိုပေးနိုင်ရန် စနစ် တကျစီစဉ်ထားသော သင်တန်းများပေးခြင်း၊ ဝန်ထမ်းအချင်းချင်းအတွေ့အကြုံများဖလှယ်ခြင်း အစရှိသောစီမံ ခန့်ခွဲမှုများကိုလုပ်ဆောင်လျှက်ရှိသည်။ ထို့အပြင်သတင်းအချက်အလက်လုံခြုံရေးနှင့်ပတ်သက်၍လည်း ပင်မ ကုမ္ပဏီဖြစ်သည့် Masterpiece Group, Inc. သည်သတင်းအချက်အလက်လုံခြုံရေးစီမံခန့်ခွဲမှုစနစ် (ISMS) ကို နိုင်ငံတကာအဆင့်အသိ အမှတ်ပြု (ISO/IEC27001:2013) နှင့် ဂျပန်ပြည်တွင်းအဆင့်အသိအမှတ်ပြု (JIS Q 27001:2014) လက်မှတ်ကိုရရှိထားပြီး မြန်မာနိုင်ငံတွင်လည်းအထက်ပါစံနှုန်းများအတိုင်းသတင်းအချက်အလက်ကို ထိန်းချုပ်စီမံခန့်ခွဲလျှက်ရှိပါသည်။

ဝန်ဆောင်မှုအခကြေးငွေနှင့် အကျိုးကျေးဇူးများ
မြန်မာနိုင်ငံတွင်ကုမ္ပဏီများစွာသည် လစဉ်ပုံသေအခကြေးငွေဖြင့် BPO ဝန်ဆောင်မှုများပေးလျှက်ရှိသော် လည်း၊ ကျွန်ုပ်တို့ Masterpiece Group (Myanmar) သည် လူကြီးမင်း၏လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ဖုန်းခေါ်ဆိုမှုတစ်ခုချင်းစီအတွက်သော်၎င်း၊ ရက်အပေါ်မူတည်၍သော်၎င်း ကုန်ကျစရိတ်များကိုညှိနှိုင်း ပြောင်းလဲပေးနိုင်ပါသည်။လုပ်ငန်းအကြီးအသေးပေါ်မူတည်၍ဝန်ဆောင်ခကိုညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ လူကြီးမင်း၏လုပ်ငန်းနှင့်သင့်တော်သောအကြံဉာဏ်များပေးခြင်းတို့ကိုလုပ်ဆောင်လျှက်ရှိပါ သည်။

24 နာရီ 365 ရက်ဝန်ဆောင်မှု
ကျွန်ုပ်တို့ Masterpiece Group (Myanmar) သည် တစ်နှစ်ပတ်လုံး 24 နာရီ၊ ပိတ်ရက်မရှိ ဖုန်း၊ မေးလ်နှင့် SNS (Chat Box) အစရှိသည့်ဝန်ဆောင်မှုများကို လုပ်ဆောင်လျှက်ရှိပါသည်။
ကုမ္ပဏီမိတ်ဆက်

Masterpiece Group (Myanmar) ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာဘာသာစကားကိုအဓိကထားပြီး ဝန်ဆောင်မှုပေးတဲ့ရုံးခွဲအဖြစ်တည်ထောင်ခဲ့ပါတယ်။ ကျွန်မကဂျပန်နိုင်ငံတွင် Call Center ၏စီမံခန့်ခွဲမှုအပိုင်း ကို ၁၀ နှစ်ကျော်တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ရုံးခွဲတာဝန်ခံအဖြစ် လုပ်ဆောင်လျှက်ရှိပါတယ်။
ကျွန်မ၏အတွေ့အကြုံအရမြန်မာပြည်မှာ “Outsourcing”, “Call Center” ဆိုတဲ့ ဝေါဟာရနဲ့သိပ်ပြီးမရင်းနှီး သေးတဲ့သူများစွာရှိနေသေးတာကိုတွေ့ရပါတယ်။ ကျွန်မအနေနဲ့ “Outsourcing” လုပ်တာဟာ စိုးရိမ်စရာမဟုတ် ဘူး၊ သေသေချာချာ Outsource လုပ်တဲ့ကုမ္ပဏီကိုရွေးချယ်ခြင်းအားဖြင့်အကျိုးကျေးဇူးများစွာရှိ တယ်ဆိုတဲ့ အကြောင်းကိုလူများများသိအောင်ဝေမျှပေးချင်ပါတယ်။ ကျွန်မတို့ Masterpiece Group ၏ ၁၅ နှစ်ကျော်ကြာ ရရှိခဲ့တဲ့လုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်းစီမံခန့်ခွဲမှုနည်းပညာနှင့် အရည်အသွေးမြင့်မားတဲ့ဝန် ဆောင်မှုက လူကြီးမင်း၏လုပ်ငန်းအတွက် အမှန်တကယ်အကျိုးကျေးဇူးရရှိမယ်လို့ယုံကြည်ပါတယ်။ နေ့စဉ်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်လာတဲ့ မြန်မာနိုင်ငံမှာ Call Center ရဲ့လိုအပ်ချက်က မြင့်မားလာတယ်လို့ခံစားရပြီး အတူတကွ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့ကုမ္ပဏီများစွာရှိလာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့၏ဝန်ဆောင်မှုက “Outsourcing” ဝန်ဆောင်မှုတစ်ခုအနေနဲ့မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်အတွက်အကျိုးအမြတ်ရှိပြီး ရေရှည်လက်တွဲ လုပ်နိုင်တဲ့ကုမ္ပဏီတစ်ခုအဖြစ်ရပ်တည်နိုင်အောင်ကြိုးစားနေပါတယ်။
ကုမ္ပဏီ၏ဆောင်ပုဒ်မှာ “အဆင့်မြင့်နည်းပညာကိုအသုံးပြု၍ အရည်အသွေးမြင့်မားသောဝန်ဆောင် မှုကို လွယ်ကူမှန်ကန်စွာနှင့် တွင်ကျယ်စွာလုပ်ဆောင်နိုင်ရမည်” ။
ကျွန်မတို့လက်ခံထားတဲ့ဆောင်ပုဒ်အတိုင်းလုပ်ဆောင်နိုင်ရန်ကျွန်မတို့၏ “ဝန်ထမ်း” များကအဓိကအကျဆုံး ဖြစ်ပါတယ်။ ထို့အတွက်ဝန်ထမ်းတစ်ဦးချင်းစီကကုမ္ပဏီအတွက် အရေးပါသောသူများဖြစ်ပြီးတစ်ဦးချင်းစီ၏ အရည်းအချင်းများပိုမိုတိုးတက်ကောင်းမွန်လာစေရန် ပြုစုပျိုးထောင်မှုများကိုအားစိုက်လုပ်ကိုင်နေပါတယ်။ မြန်မာလူငယ်များအလုပ်ကိုတန်ဖိုးထားပြီး မိမိ၏ဘဝရည်မှန်းချက်ကိုဖော်ဆောင်မြှင့်တင်နိုင်သော၊ လူမှုပတ်ဝန်းကျင်ကိုအကျိုးပြုသောသူများဖြစ်လာစေရန်ကြိုးပမ်းလျက်ရှိပါသည်။
ဖော်ဂျဲကိုင်ခေါင်
(ဒီဇင်ဘာလ၊ ၂၀၂၀ခုနှစ်)

Introduction Cases




ကုမ္ပဏီ၏လုပ်ဖော်ကိုင်ဖက်နှင့်အကြံပေး

Mr. Hitoshi Ikeya သည်မြန်မာနိုင်ငံတွင်မွေးဖွားခဲ့ပြီး အမေရိကန်ပြည်နယ်၊ နယူးယောက်မြို့ရှိကော်နဲလ် တက္ကသိုလ်မှဘွဲ့ရရှိခဲ့ပါသည်။ Goldman Sachs, Morgan Stanley နှင့် HSBC Securities တို့တွင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက်မြန်မာနိုင်ငံရှိစွန့်ဦးတီထွင်ကုမ္ပဏီများကိုအဓိကထား၍ ရင်းနှီးမြှပ်နှံမှုများကိုလုပ်ကိုင်နေပြီးမြန်မာနိုင်ငံရှိစွန့်ဦးတီထွင်ကုမ္ပဏီများထဲတွင်အအောင်မြင်ဆုံးဖြစ်သည့် Bagan Innovation Technology, GL-AMMK နှင့် Century Finance Company များတွင်လည်း ဒါရိုက်တာအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏စီးပွားရေးနှင့်ရင်းနှီးမြှပ်နှံမှုဈေးကွက်အခြေအနေကိုအထူးသိကျွမ်းနားလည်သောသူလည်းဖြစ်ပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီ၏ဝန်ဆောင်မှုလုပ်ငန်းများနှင့်စီမံခန့်ခွဲမှုများကို Mr. Hitoshi Ikeya နှင့် EME Company မှအပြည့်အဝကူညီထောက်ပံ့ပေးလျက်ရှိပါသည်။
Our Global Network
လူကြီးမင်း၏လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ကျွန်ုပ်တို့ဘက်မှနိုင်ငံ၊ဘာသာစကားနှင့်ဝန်ဆောင်မှုများကိုအသင့်တော်ဆုံးဖြစ်အောင်ကူညီဆောင်ရွက်ပေးနိုင်ပါသည်။အရည်အသွေးမြှင့်ဝန်ဆောင်မှုများကိုအောက်ပါနိုင်ငံများတွင်ကုန်ကျစရိတ်သက်သာစွာဖြင့်ဝန်ဆောင်မှုရယူနိုင်ပါသည်။
