မြန်မာနိုင်ငံရှိ မေရီချက်မင်းနားမကြားသူများအတွက်ကျောင်း (MCSD) သို့အလှူငွေသွားရောက်လှူဒါန်းခြင်း နှင့်ပတ်သက်၍

မြန်မာပြည်တွင်းရှိကုမ္ပဏီများအတွက်မြန်မာဘာသာစကားကိုအဓိကထားသည့် Call Center ဝန်ဆောင်မှုနှင့် BPO ဝန်ဆောင်မှုလုပ်ငန်းများကိုလုပ်ကိုင်လျှက်ရှိသော Masterpiece Group ကုမ္ပဏီ၏လက်အောက်ခံ LanThit Masterpiece (ကုမ္ပဏီတည်နေရာ: ရန်ကုန်မြို့၊ Managing Director: Mr. Hitoshi Kitazawa) သည် မေရီချက်မင်းနားမကြားသူများအတွက်ကျောင်း (ရန်ကုန်မြို့) သို့အလှူငွေကိုသွားရောက်လှူဒါန်းခဲ့ပါ သည်။

မေရီချက်မင်းကျောင်းကို ၁၉၁၈ ခုနှစ်တွင်ဗြိတိသျှလူမျိုး Ms. Mary Chapman မှမြန်မာနိုင်ငံရှိအကြားအာရုံ ချို့တဲ့နေသော ကလေးများကိုလေ့ကျင့်သင်ကြားရန်နှင့် ဆရာအတတ်သင်ကျောင်းအဖြစ်တည်ထောင်ခဲ့ပါသည်။ လတ်တလောတွင်အကြားအာရုံချို့တဲ့သူအသက် ၆ နှစ်နှင့်အထက်ကလေးငယ်များမှသည် ကျောင်းပြီးပြီးနောက်အလုပ်မရသေးသောလူငယ်များအထိ၊ တိုင်းရင်းသားလူမျိုး ၁၂ မျိုး၊ ကျောင်းသားစုစုပေါင်း ၃၅၇ ယောက်ကိုပြုစုပျိုးထောင်ပေးနေပါသည်။

ဤကျောင်းသည်ခရစ်ယာန်ဘာသာကျောင်းဖြစ်သော်လည်းဘာသာရေးနှင့်လူမျိုးရေးမခွဲခြားဘဲဒေသခံ မြန်မာပြည်ရှိ အကြားအာရုံချို့တဲ့နေသောကလေးများကိုလက်ခံပြီး၊ မြန်မာ့လူမှုပတ်ဝန်းကျင်အတွက်တစ်ဖက်တလမ်းမှအထောက်အကူပြုနေသည့်ကျောင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ Masterpiece Group မှလည်း ဤကျောင်း၏လုပ်ဆောင်ချက်များကိုအသိအမှတ်ပြုသောအားဖြင့်အလှူငွေကိုလှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

ဤကျောင်းတွင်ပညာသင်ယူပြီးသောကျောင်းသား/သူများ၊ အထူးသဖြင့်အမျိုးသမီးများသည် ကျောင်းပြင်ပ ပတ်ဝန်းကျင်တွင်အကြားအာရုံချို့တဲ့မှုကြောင့်အကြမ်းဖက်ခံရနိုင်ခြေမြင့်မားသည့်အတွက်ကျောင်းအနေဖြင့် ကျောင်းပုရဝဏ်အတွင်းတွင် ဖွင့်ထားသော Mudita အလှပြင်ဆိုင်တွင်အလုပ်လုပ်ကိုင်စေခြင်းကိုသာအဓိက အားထားနေရသည်။ နောင်အနာဂတ်တွင်ကျွန်ုပ်တို့ Masterpiece Group ၏မြန်မာရုံးခွဲတွင်အလုပ်လုပ်နိုင်ရန် အခွင့်အလမ်းတစ်ခုကိုဖန်တီးပေးခြင်းအားဖြင့် ဤကျောင်းသား/သူများအတွက်ရွေးချယ်စရာအလုပ်အကိုင်တစ်ခုတိုးပွားလာစေရန်ရည်ရွယ်ပါသည်။ Masterpiece Group သည်ဤကျောင်းအတွက်ငွေအားဖြင့်ပါဝင်လှူဒါန်းခြင်းအပြင် ကျောင်း၏အခြားလိုအပ်ချက်များကိုဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်သည်။